Wednesday, June 5, 2013

မြန်မာဌာန | သတင်းများ......... နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်မယ်လို့ သမ္မတပြော




အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူတွေအားလုံး မကြာခင် ပြန်လွှတ်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြည်သူလူထုကို လစဉ်ပြောနေကျမိန့်ခွန်းဖြစ်တဲ့ ဒီနေ့ညနေ ၄ နာရီ ရေဒီယိုမိန့်ခွန်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

"ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါ၊ သို့သော်လည်းပဲ အရင်ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေ စိစစ်ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာဖြစ်ပါတယ်၊ အခုအခါမှာ ဒီကိစ္စတွေကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ အမှန်တကယ်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး လွတ်မြောက်တော့မှာဖြစ်ပါတယ်”



ဒါ့အပြင် နိုင်ငံရေးနဲ့ အကျဉ်းကျခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ ပုဒ်မ ၄ဝ၁ကို နိုင်ငံရေးလက်နက် အနေနဲ့ အသုံးချအရေးယူတာမျိုးလုပ်ဖို့မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ရာဇဝတ်ပြစ်မှုနဲ့ နိုင်ငံရေးပြစ်မှုတွေ မကွဲပြားတဲ့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကိုဖွဲ့စည်းပြီး အချိန်ယူကာ ဆက်လက်စိစစ်နေဆဲဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂၃ ယောာက်ကို လွှတ်ပေးလိုက်ပြီးနောက် အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂ဝဝ နီးပါးလောက် ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ စာရင်းတွေအရ သိရပါတယ်။



ဒေါက်တာလွဏ်းဆွေ မှ ပြန်လည်မျှဝေပါသည်။

Tuesday, June 4, 2013

ဗေဒင်ကြည့်မယ် အိမ်ထောင်ရေး စီးပွါးရေး စသဖြင့် ကြည့်ကြမယ်ဟေး...


ကဲဗျာ ဗေဒင်ကြည့်တာ ၀ါသနာပါတဲ့သူများအတွက်ပေါ့ဗျာ..။ ကွန်ပျူတာအတွက်ပါနော်.။ ဒီဗေဒင်ဆော့ဝဲကတော့

Monday, June 3, 2013

အခမဲ့ မြန်မာပြည်TV လိုင်းကြည့်မလား။





အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား. GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ် .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။


DOWNLOAD TVU Player (Downloads times 1454)




DOWNLOAD FROM IFILE.it

ဓာတ်ပုံ အလှဆင်ချင်သူတွေအတွက် For Pc 34MB




Photo Collage Max ဆိုရင်တော်တော်များများသိမှာ သုံးဖူးသူတွေလည်းရှိမှာပါ


အပ်ဒိတ်လေးတင်ပေးလိုက်ပါတယ် သူကတော့ ဓာတ်ပုံလေးတွေကိုအလှဆင်တာပါ


http://www.photocollagemax.com/ မှာ လုပ်ဆောင်ချက်တွေလေ့လာနိုင်ပီး


အသုံးပြုမယ်ဆို အောက်ကလင့်မှာရယူနိုင်ပါတယ်


Download>>>zippyshare

ဘောလုံးပွဲကြည့်ရန်


ဘောလုံးဝါသနာရှင်တွေအတွက် အွန်လိုင်းမှာ တိုက်ရိုက်ကြည့်လို့ရတဲ့ဆိုဒ်လေးပေါ့ 
ပြန်မျှဝေတာပါ ဒီနေရာလေး ကိုကလစ်လိုက် ကော်နရှင်ကောင်းလို့တော့ 
ဘာမှ ပြောစရာမလိုဘူးပေါ့

ANDROID ဖုန်းတွေအတွက် အရမ်း လန်းတဲ့ MUSIC PLAYER လေးပါ ... (BEST ANDROID MUSIC PLAYER)

music player
 mao sheng: Neutron Music Player . apk လေးရှိရင်တင်ပေးပါလား ကျေးဇူးတင်ပါတယ်..

 Android ဖုန်းတွေအတွက် အရမ်းလန်းတဲ့ Music Player လေးပါ...

iOS 5 အတွက် မြန်မာစာ နှင့် မြန်မာစာကီးဘုတ် ထည့်သွင်းနည်း

မြန်မာစာထည့်နည်း

ပထမဆုံး iOS 5 အတွက် မြန်မာစာကီးဘုတ် ကိုရေးသားပေးတဲ့
iOS 5 MM Keyboard Developer ကိုမိုးစက် ကိုကျေးဇူးတင်စကားပြောလိုက်ရအောင်….
အများကောင်းကျိုးအတွက် ရည့်ရွယ်ချက်ထားပြီး ကြိုးစားပေးခဲ့တဲ့ အတွက် ဂုဏ်ယူပြီး အားကျမိပါတယ်။
iOS 5 စထွက်ကထဲက မြန်မာစာအတွက် အဆင်ပြေခဲ့ပြီး မြန်မာစာကီးဘုတ်အတွက်
အဆင်မပြေခဲ့ပါဘူး။ Apple device အသုံးပြုတဲ့ မြန်မာလူမျိုးတွေအတွက် iOS 5 အထက်ကို
Update လုပ်ချင်ပေမဲ့ ကီးဘုတ်အသုံးပြုဖို့ အဆင်မပြေတဲ့အတွက်
တချို့ဆိုရင် iOS update လုပ်ချင်တဲ့ ရည်ရွယ်ချက်လေးတွေ ပျောက်ပျယ်ခဲ့ရပါတယ်။
အခု iOS 5 အတွက် မြန်မာစာကီးဘုတ်ထွက်ပြီဆိုတာနဲ့ ကျွန်တော်တို့
မြန်မာ Mobile Application Store က Admin ကိုသက်နိုင်စိုးက iOS 5 အတွက်
မန်မာစာကီးဘုတ်ထွက်ပါပြီ ဆိုတဲ့ ပို့စ်တခု တင်ပေးခဲ့ပါတယ်။
မြန်မာစာကီးဘုတ်သွင်းကို အဆင်ပြေကြတဲ့သူတွေထက် အဆင်မပြေကြတဲ့သူတွေ
တ်ာတော်များများတွေ့ရပါတယ်။
အဲအတွက် အဆင်မပြေကြတဲ့သူတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်က
iOS 5 အတွက် မြန်မာစာနှင့်မြန်မာစာကီးဘုတ် ထည့်သွင်းနည်း ( ၂ )
ထပ်မံတင်ပေးလိုက်ပါတယ်။