Sunday, June 2, 2013
Android ဖုန်း/Tablet ကို မြန်မာစာစနစ်နှင့် မြန်မာစာ Keyboard ထည့်သွင်းနည်း (Complete Guide)
မိမိတို့ Android ဖုန်း/tablet မှာ မြန်မာစာစနစ်ရဖို့အတွက် အဓိက လုပ်ဆောင်ရမယ့် အချက်ကတော့သုံးချက်ရှိပါတယ်။
(၁)Android ဖုန်း/Tablet ကို root ထားရပါမယ်။ (ယေဘုယျအားဖြင့်)
(၂)Android ဖုန်း/Tablet ထဲမှာ မြန်မာလိုရေးထားတဲ့စာသားမှန်သမျှကို မြန်မာလိုပေါ်ဖို့အတွက် မြန်မာ font ထည့်သွင်းထားရပါမယ်။
(၃)Android ဖုန်း/Tablet ထဲမှာ မြန်မာလို ရိုက်လို့ရဖို့အတွက် Android OS အတွက်ထုတ်ဝေထားတဲ့ မြန်မာစာကီးဘုတ်စနစ်ကို ထည့်သွင်းရပါမယ်။
ဒီသုံးချက်ပြည့်စုံမှသာ မိမိတို့ရဲ့ Android ဖုန်း/Tablet မှာ မြန်မာစာစနစ် ကိုအပြည့်အစုံ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
နံပါတ်(၁)အချက်အနေနဲ့ ဖုန်းကို Root လုပ်တာကို စတင်ပြောပါမယ်။ Android ဖုန်း/Tablet ကို root လုပ်နည်းကို အောက်က link မှာဖတ်ရှုပါ။
Android ဖုန်း tablet များအား root လုပ်နည်း( မိမိတို့ ဖုန်း/tablet နဲ့ကိုက်ညီမယ့် root လုပ်နည်းကိုရွေးချယ်ပြုလုပ်ပါ)
နံပါတ်(၂)အချက်အနေနဲ့ Android ဖုန်း/ tablet ထဲကို မြန်မာ font ထည့်သွင်းပါမယ်။ ဒီအဆင့်ကို ပြုလုပ်ဖို့အတွက် ဖုန်း/tablet ဟာ root လုပ်ပြီးဖြစ်ရပါမယ်။
အရင်ဆုံး လိုအပ်တဲ့ tools တွေကိုရယူလိုက်ပါ။
Myanmar Font tools အားရယူရန်
download လုပ်လို့ရတဲ့ ဖိုင်လေးကို zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ။ DroidSnasFallback.ttf ကို ဖုန်းရဲ့ SD card ထဲမှာ
copy ကူးထည့်ထားပါ။ Root Explorer ကိုတော့ ဖုန်း/Tablet ထဲမှာ install လုပ်ပါ။ install မလုပ်တတ်ရင် Android application တွေကို ဖုန်း/ Tablet ထဲသို့ install လုပ်နည်းကိုအောက်က link မှာဖတ်ရှုပါ။
Android application သွင်းနည်း
Root Explorer ထဲကိုဝင်လိုက်ပါ။ ပြီးရင် sdcard ထဲကိုဝင်ပါ ။ အောက်ပုံအတိုင်းပါ။
ပြီးရင် ခုနတုန်းက sdcard ထဲကိုထည့်ထားတဲ့ DroidSnasFallback.ttf ဖိုင်ရှိတဲ့နေရာကိုသွားပါ။ အောက်ပုံအတိုင်းပါ။
ပြီးရင်အဲဒီ DroidSnasFallback.ttf ကို သုံးစက္ကန့်ခန့်နှိပ်ထားပါ။ ပြီးရင် Copy ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
Subscribe to:
Post Comments (Atom)


No comments:
Post a Comment